ထားဝယ် ဇွန် ၂၆
တနင်္သာရီတိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ အမျိုးသား/အမျိုးသမီးမီတာ(၁၀၀)ပြေးပြိုင်ပွဲနှင့် မီတာ(၄၀၀×၄)လက်ဆင့်ကမ်းပြိုင်ပွဲ၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ အားကစား သမားများ နှင့် အားကစားဝါသနာရှင်များက ကြည်ရှုအားပေးခဲ့ကြသည်။
ထို့နောက်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးအောင်ဇော်လှိုင်က ပြိုင်ပွဲတစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး တိုင်းဒေသကြီးလူမှုရေးရာ ဝန်ကြီးဦးသက်နိုင်က မီတာ(၁၀၀)ပြိုင်ပွဲတွင် အမျိုးသမီးပထမဆုရရှိသောမြိတ်မြို့နယ်မှ မသူဇာစိုး၊ ဒုတိယဆုရရှိသော ကျွန်းစုမြို့နယ်မှမပပဝင်း၊ တတိယဆုရရှိသော သရက်ချောင်းမြို့နယ်မှမဖြိုးနဒီရဲသူအားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးဦးခင်မောင်မြင့်က အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသောမြိတ်မြို့နယ်မှ မောင်ကောင်းထက်နိုင်၊ ဒုတိယဆုရရှိသောကျွန်းစုမြို့နယ် မောင်ခန့်ယေမင်း၊ တတိယဆုရရှိသော ထားဝယ်မြို့နယ်မှ မောင်သက်မှူးပြည့်စုံအားလည်းကောင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက မီတာ(၄၀၀×၄)လက်ဆင့်ကမ်း ပြိုင်ပွဲတွင် အမျိုးသား ပထမဆုရရှိသော ထားဝယ်မြို့နယ် အသင်း၊ ဒုတိယဆုရရှိသောမြိတ်မြို့နယ်အသင်း၊ တတိယဆုရရှိသော ကော့သောင်း မြို့နယ်အသင်းအား လည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မင်းမင်းလတ်က အမျိုးသမီးပထမဆုရရှိသော ထားဝယ်မြို့နယ်အသင်း၊ ဒုတိယဆုရရှိသောမြိတ်မြို့နယ်အသင်း၊ တတိယ ဆုရရှိသော ကျွန်းစုမြို့နယ်အသင်းအားလည်းကောင်း တစ်ဦးချင်းဆုနှင့်ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အမျိုးသမီးပြိုင်ပွဲနှင့်အမျိုးသားပြိုင်ပွဲများတွင် အမှတ်အများဆုံးရရှိသည့် မြိတ်မြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီး မြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)