ထားဝယ် ဇွန် ၂၆
Floating Refinery စီမံကိန်းနှင့်စပ်လျဉ်း၍ Myanmar Construction & Development Infrastructure Co.,Ltd မှ လာရောက်တွေ့ဆုံရှင်းလင်းသည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက Floating Refinery စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ လာရောက်ရှင်းလင်းဆွေးနွေးတင်ပြသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ တိုင်းဒေသကြီးသည် ပြည်မနှင့်အလှမ်းဝေးကွာသောကြောင့် ရေနံများအား ဒေါ်လာဖြင့် ဝယ်ယူတင်သွင်းနေရကြောင်း၊ ၂၀၁၀-၂၀၁၅ ခုနှစ်က ကြိုးစားဆောင်ရွက်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားခဲ့ရကြောင်း၊ စီမံကိန်းလုပ်ငန်းအားကြိုဆိုပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Myanmar Construction & Development Infrastructure Co.,Ltd မှ တာဝန်ရှိသူများက Floating Refinery စီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)