ရွှေပြည်သာ ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက အမှတ်(၆)ရပ်ကွက်ရှိ မြို့ဦးစေတီတော်ကြီး အရှေ့ဘက်မုဒ်ဦးတွင် ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ ရွှေပြည်သာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်မေသွယ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများမှ တည်ပင်(၂၀၀)ပင်၊ ခရေပင်(၂၀၀)ပင်၊ ရေတမာပင်(၁၀၀)ပင် စုစုပေါင်းအပင်(၅၀၀)အား တပျော်တပါး စိုက်ပျိုးကြကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)