ပုဗ္ဗသီရိ ဇွန် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ကျောင်းသား၊ ကျောင်းသူများအားဖိတ်ခေါ်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် စာရေးဆရာယုန်လေး၊ စာရေးဆရာခိုင်မင်း(နေပြည်တော်)၊ စာရေးဆရာ အိုင်ပီမျိုးအောင်နှင့် စာရေးဆရာနွေဦးကိုကိုတို့က မူးယစ်ဆေးဝါးပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်းအကျဉ်း၊ မူးယစ်ဆေးဝါးထုတ်ယူနိုင်သော အရင်းခံအပင်များနှင့်ထုတ်လုပ်သည့် မူးယစ်ဆေးဝါးများ၊ ကိုလိုနီလက်ထက်မှ အမွေဆိုးဖြစ်သည့် ဘိန်းစိုက်ခြင်း၊ သုံးစွဲခြင်း၊ သယ်ယူရောင်းဝယ်ခြင်းများပပျောက်ရန် စီမံကိန်းချမှတ်ဆောင်ရွက်ခဲ့ခြင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ လူမှုရေးဆိုင်ရာဆိုးကျိုးများကို အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)