ပလောက် ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲကို ဇွန်လ(၂၅)ရက်နေ့ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ဇွန်လ(၂၆)ရက်နေ့သည် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ဖြစ်ပါ၍ ကျောင်းသား/ သူများသိရှိထားကြရန်လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် မိမိတို့၏ဘဝတိုးတက်အောင်မြင်ရေးကို ဆုတ်ယုတ်စေခြင်း၊ အသိပညာမဲ့ခြင်း၊ လူအညွှန့်တုန်းခြင်းများ စသည့်ဆိုးကျိုးများကိုသာရရှိ၍ လုံးဝရှောင်ကြဉ်သင့်ရန်လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးများအမျိုးမျိုးရှိပြီး ဆေးလိပ်၊ ကွမ်းယာများအစ လက်တဲ့မသုံးစွဲသင့်ကြောင်း၊ မူးယစ်ဆေးဝါးဖြတ်တောက်နည်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဟောပြောသည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ဖတ်ရှုလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)