ဘုတ်ပြင်း ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ၊ဘုတ်ပြင်းမြို့နယ်၌ ယမန်နေ့ညနေက မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် အမက-ရွေဘုံသာကျောင်း အမိုးသွပ်လွင့်စင်ခြင်း၊ ပညာရေးဝန်ထမ်းနေအိမ်ပေါ်သို့ သစ်ပင်ပြိုလဲခြင်း၊ လမ်းဘေးမီးတိုင်ကျိုးခြင်း၊ လူနေအိမ်တစ်လုံးယိုင်နဲ့ ပျက်စီးခြင်း၊ ပြည်ထောင်စုလမ်းဘေးရှိ သစ်ပင်လဲကျခြင်းနှင့် ရာဇာမုနိစေတီထီးတော်ယိုင်နဲ့ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လျှပ်စစ်ဝန် ထမ်းများနှင့် ပူးပေါင်းအဖွဲ့များသည် မီးပြတ်တောက်မှုများနှင့် လမ်းပိတ်ဆို့မှုများ မရှိစေရေးရှင်းလင်းဆောင်ရွက်ခဲ့ကြောင်းနှင့် လူနှင့်အခြားတိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)