ရန်ကုန် ဇွန် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းဖြစ်သည့် ခြင်းယက်ပြုလုပ်နည်းသင်တန်းကို ပျော်ဘွယ်ကြီးကျေးရွာအုပ်စု၊ ပျော်ဘွယ်ကြီးကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်းနှင့် ဒလမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမ ဒေါ်စန်းစန်းနွဲ့က သင်တန်းတွင် သင်ကြားသွားမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ဇွန်လ(၂၄)ရက်နေ့မှ ဇွန်လ(၂၈)ရက်နေ့အထိ ငါးရက်အကြာဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသို့လည်း ကျေးရွာနေပြည်သူ (၂၀)ဦးတို့ တက်ရောက်လျက်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)