ရပ်စောက်မြို့၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲပြုလုပ်

ရပ်စောက် ဇွန် ၂၅

ရပ်စောက်မြို့၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ရှိ စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၃/၂၀၂၄) ဖွင့်ပွဲကို ယနေ့ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းနှင့် တပ်မတော်အရာရှိများ၊ တောင်ကြီးခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ ရပ်စောက်မြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ၊ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ၊ စုစုပေါင်း (၂၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဖွင့်ပွဲတွင် ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းမှ ပြည်သူ့စစ်မှုထမ်း သင်တန်းသား (၈၈) ဦးအား သင်တန်းဖွင့် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် ရပ်စောက်မြို့၊ တပ်မတော်(ကြည်း) အမှတ် (၁) အရာခံနှင့် တပ်ကြပ်ကြီး သင်ကျောင်းရှိ ကြံ့ခိုင်ရေးအားကစားခန်းမ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၃/၂၀၂၄) ဖွင့်ပွဲပြုလုပ်ခဲ့ရာ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) မှ ကျောင်းအုပ်ကြီး/ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦး၊ တပ်မတော် (ကြည်း) အမှတ် (၁) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးကျော်သူလှိုင်နှင့် တပ်မတော် အရာရှိများ၊ ရပ်စောက်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အေးမင်းသိန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ စုစုပေါင်း (၇၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဖွင့်ပွဲတွင် ဗိုလ်မှူးကြီးကျော်သူလှိုင်မှ ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၆၂၈) ဦးအား သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၃/၂၀၂၄) အား (၂၅-၆-၂၀၂၄) မှ (၁၃-၉-၂၀၂၄) ရက်နေ့ ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်