ပိုင်ကျုံမြို့ရုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (Book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်

ပိုင်ကျုံ  ဇွန်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယ‌နေ့နံနက်ပိုင်းက  စာပေချစ်မြတ်နိုးသူများ အသင်း(Book Club) အသင်းအဖွဲ့ဝင်များပူးပေါင်း၍ သုပဒေသာနှင့်လူငယ်ရေးရာစာစောင် အတွဲ(၅၀)၊ အမှတ်(၁) စာအုပ်ဖြင့် ဇွန်လ ၂၅ ရက်နေ့က စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြိုဦးစီးမှူး ဒေါ်နော်ခူးခူးက  စာဖတ်ဝိုင်း  ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာအုပ်ပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင် ဆလိုင်းမျိုးဇော်က စာအုပ်ပါ အကြောင်းအရာတစ်ခုဖြစ်သည့် စိတ်ကြွရူးသွပ်ဆေးကြောင့် ဖြစ်တတ်သောရောဂါများ ခေါင်းစဉ်အတိုင်း စိတ်ကြွရူးသွပ်ဆေးများ၏အဓိပ္ပာယ်နှင့် စိတ်ကြွဆေးများသုံးစွဲခြင်းကြောင့် ရရှိလာသော အကျိုးအာနိသင်အကြောင်းများကို ဆွေးနွေးပြောကြားပြီး၊ ဒေါ်အယ်ရှီလာက  စိတ်ကြွဆေးသုံးစွဲခြင်းကြောင့် ဖြစ်တတ်သောဆိုးကျိုးများနှင့် စိတ်ကြွဆေးစွဲပြီးနောက် ခံစားရမည့် လက္ခဏများကို ဆွေးနွေးပြောကြားပြီးနောက် ဆွေးနွေးပွဲတွင် တက်ရောက်လာကြ သည့် အဖွဲ့ဝင်များတို့မှ မိမိတို့သိရှိသည့် အသိပညာများကို အပြန်အလှန် ဆွေးနွေးခဲ့သည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်ပါအကြောင်းအရာများကို စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခြင်းကြောင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်များအနေဖြင့် အသိပညာ ဗဟုသုတများစွာ ရရှိလာပါကြောင်း အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

နော်ခူး( ပြန်/ဆက်)