ပင်လောင်းမြို့၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၃/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပင်လောင်း ဇွန် ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၃/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၇)  နာရီခွဲအချိန်က အမှတ်(၄) စစ်အခြေခံလေ့ကျင့်ရေးသင်တန်း‌ကျောင်း စစ်ရေးပြကွင်း၌ ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ အမှတ်(၄) စစ်အခြေခံလေ့ကျင့်ရေးတပ် အရာရှိစစ်သည်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ချီးမြှင့်ခဲ့ကြပြီး၊ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၃/၂၀၂၄) သင်တန်းဖွင့်ပွဲတွင်  အမှတ်(၄) စစ်အခြေခံလေ့ကျင့်ရေးတပ် သင်တန်းကျောင်းမှ ခေတ္တတပ်မှူး ဒုတိယဗိုလ်မှူးကြီး စံအောင်ကျော်က ဖွင့်ပွဲမိန့်ခွန်းပြောကြားသည်။

ထို့နောက် သင်တန်းခန်းမ၌ တွေ့ဆုံပွဲနှင့် ထောက်ပံ့‌ငွေပေးအပ်ခြင်း အခမ်းအနားတွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်က ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၃/၂၀၂၄) သင်တန်းသားများနှင့် တွေ့ဆုံအားပေး အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ငွေကျပ်သိန်း (၅၀)အား ဝန်ကြီးက ပေးအပ်ပြီး သင်တန်းသားများ၏ကိုယ်စား ခေတ္တတပ်မှူး ဒုတိယဗိုလ်မှူးကြီး စံအောင်ကျော်က လက်ခံရယူပေးခဲ့သည်။

ယင်းနောက် ဝန်ကြီးက သင်တန်းသားများ၏ အိပ်ဆောင်၊ ထမင်စားဆောင်နှင့် ရေချိုး‌သည့်နေရာများ လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသွားခဲ့ကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)