ဗဟန်း ဇွန် ၂၅
၂၀၂၄ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား အမှတ်(၁၂) အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့၍ သတင်းစကား လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အနောက်ပိုင်းခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် အ.မ.က(၁၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ကျော့မွှေးတို့က သတိပြုဖွယ်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဥ်ဖြင့်ဟောပြောခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများပြသခြင်း၊ သတင်းစကား လက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေပေးခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားရေးအသွင်ဖြင့် ကာကွယ်တိုက်ဖျက် ဆောင်းပါးတို၊ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မီးရှို့ဖျက်ဆီးမှုများ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်ပွားနိုင်သောအကြောင်းအရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ ရှောင်ဖယ်ဝေးဝေး မူးယစ်ဆေးကဗျာ၊ ကာတွန်း စသည်တို့ စုံလင်စွာပါရှိကြောင်း သိရသည်။
ကြည်ဇေသော်