ကြည့်မြင်တိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကြည့်မြင်တိုင် ဇွန် ၂၄

ဇွန်လ ၂၆ ရက်​နေ့တွင် ကျ​ရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီက ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာလင်းက ကျောင်းသား၊ ကျောင်းသူများ ငယ်ရွယ်စဥ်အချိန်၌ မူးယစ်ဆေးဝါးများကို စမ်းသပ်ခြင်းမပြုလုပ်ကြရန်၊  မူးယစ်ထုံထိုင်းစေသည့်ဆေးများ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်း၊ မူးယစ်အစ ဆေးလိပ်ကဆိုသည့်အတိုင်း ဆေးလိပ်သောက်သုံးခြင်း မပြုကြရန်စသည်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောများပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)