အင်တော ဇွန်၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အန္တရာယ်များကိုသိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန်နှင့် အသိပညာဗဟုသုတများရရှိလာစေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်လှလှထွေးက ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး၏အဓိပ္ပာယ်နှင့်သုံးစွဲခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးအန္တရာယ်များကိုလည်းကောင်း၊ ဒေါ်ခိုင်ဇင်ငြိမ်း(ရုပ်သံကျွမ်းကျင်-၃)နှင့် ဒေါ်ဇင်မာဦး (အငယ်တန်းစာရေး)တို့က မူးယစ်ဆေးဝါး ကင်းစင်သည့် မျိုးဆက်သစ်ကျောင်းသား ကျောင်းသူများ ဖြစ်စေရန်နှင့်မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို အကျယ်တဝင့် အသိပညာပေးဟောပြောသည်။
အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အ.မ.က(၂)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် နယ်လှည့်စာကြည့်တိုက်များ ဖွင့်လှစ်ပေးပြီး အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အင်တော(ပြန်/ဆက်)