ကျောက်မဲမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကျောက်မဲ ဇွန် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင်  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက‌ ကျောက်မဲမြို့၊ အမှတ် ၈ ရပ်ကွက်၊ အင်ကြင်းတောင်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကျင်းပခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန ကျောက်မဲခရိုင်ဦးစီးမှူး ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာသူများအားပျိုးပင်များ အသီးသီးပေးအပ်ကြသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရှမ်း/ပလောင်စာ‌ပေယဥ်ကျေးမှုအဖွဲ့များနှင့် ဒေသခံပြည်သူ စုစုပေါင်း (၂၀၀)ဦး ကျော်တက်ရောက်ခဲ့ကြပြီး ကျွန်း၊ မဟော်ဂနီ ၊  ခါတော်မီ၊ ပျဉ်းကတိုး၊ စိန်ပန်း၊ ကံ့ကော်နှင့်ချယ်ရီ စုစုပေါင်း အပင်(၃၅၀)ပင်တို့ကို စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် အလားတူမိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို ဆက်လက်စိုက်ပျိုးရန် ရှိကြောင်း၊ သစ်တောဦးစီးဌာနမှ ကျောက်မဲမြို့နယ်ရှိ ပြည်သူလူထုများ ယခုနှစ်အတွင်း စိုက်ပျိုးနိုင်‌ရေး ပျိုးပင်ပေါင်း (၅၃၀၀၀) ပင်ကို  ဖြန့်ဝေပေးရန် လျာထားကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)