ကမမောင်း ဇွန် ၂၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏နေ့ထူးနေ့မြတ်၊ အထိမ်းအမှတ်နေ့များအား ပြည်သူများ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ လက်ကမ်းစာစောင်များ ထုတ်ဝေပေးလျက်ရှိပြီး ပြည်သူများ၏လက်ထဲအရောက် ဖြန့်ဝေပေးလျက်ရာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက် ၁၁ နာရီအချိန်၌ အခြေခံပညာကျောင်းများ၊ လူစည်ကားရာနေရာများနှင့် ရပ်ကွက်များအတွင်းသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါးသုံးစွဲလျှင်ဖြစ်ပွားနိုင်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ အမျိုးသားရေးအသွင်ဖြင့် ကာကွယ်တိုက်ဖျက်ရန်၊ ရှောင်လေဝေးဝေးမူးယစ်ဆေးကဗျာနှင့် ကာတွန်းများပါရှိပြီး ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဝန်ထမ်းများက ပြည်သူများအား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကမမောင်း(ပြန်/ဆက်)