မန်ကန် ဇွန် ၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲကို အခြေခံပညာအထကပ်တန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကလေးငယ်များအနေဖြင့် စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတတ်သည့် အလေ့အထများဖြစ်ပေါ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်များ ဖြစ်ပေါ်စေရန်၊ ကောင်းမွန်သော ယှဉ်ပြိုင်လိုစိတ်များရှိစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း လေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ပြီး အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၅) ဦးတို့ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲအား မန်ကန်မြို့ ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ပညာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အိဇာချို
မန်ကန် (ပြန်/ဆက်)