မန္တလေး ဇွန် ၂၄
မန္တလေး၊ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ ငါးလုပ်ငန်းဦးစီးဌာနက ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိတ်စိုက်ထည့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ဧရာဝတီမြစ်၊ ကျွဲစွန်းဆိပ်ကမ်းတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ အဖွဲ့ဝင်(၂) ဦးတင်မောင်ဝင်း၊ ခရိုင်ငါးလုပ်ငန်းတာဝန်ခံ ဒေါ်ဝေဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ သရက်ကုန်းစခန်း တာဝန်ခံ ဦးထွန်းနောင်ဝင်း၊ နတ်ရေကန်စခန်းတာဝန်ခံ ဒေါ်စန်းစန်းဦး၊ ရေနံ့သာစခန်း တာဝန်ခံ ဦးအေးလွင်နှင့် စခန်းဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဧရာဝတီမြစ်အတွင်း ငါးမျိုးစိတ်များ စိုက်ထည့်ပေးကြသည်။
ယနေ့ကျင်းပပြုလုပ်သော ဧရာဝတီမြစ်အတွင်းသို့ စိုက်ထည့်ခဲ့သည့် ငါးမျိုးစိတ်များမှာ ရွှေဝါငါးကြင်း(၃)သိန်း၊ ငါးခုံးမ(၄)သိန်း၊ ငါးမြစ်ချင်း(၁)သိန်း၊ စုစုပေါင်း(၈)သိန်းဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်မော်ထွန်း(အောင်-စံ၊ ပြန်/ဆက်)