ဗန်းမော်မြို့ International Private ကိုယ်ပိုင်ကျောင်းတွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

ဗန်းမော် ဇွန် ၂၄

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် International Private ကိုယ်ပိုင်ကျောင်းတို့ ပူးပေါင်းပြီး ကျောင်းသား ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီက International Private ကိုယ်ပိုင်ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်လူငယ်များ အသိပညာဗဟုတရစေရရန် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းကို ပုံဥပမာများဖြင့် ဟောပြောခြင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်မြတ်နန်းခိုင်က ရသစာပေအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသူ ကျောင်းသားများနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)