မိတ္ထီလာ ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် အသက် ၁၈ နှစ်နှင့် အထက် (စတုတ္ထအကြိမ်မူကြမ်း) စာရင်းစစ်ဆေးခြင်းနှင့် ကွန်ပျူတာဖြင့် စာရင်းများ ထည့်သွင်းခြင်းလုပ်ငန်းများကို ဇွန်လ ၂၀ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
အသက် ၁၈ နှစ်နှင့် အထက် (စတုတ္ထအကြိမ်မူကြမ်း) စာရင်းစစ်ဆေးခြင်းနှင့် ကွန်ပျူတာဖြင့် စာရင်းများ ထည့်သွင်းခြင်းလုပ်ငန်းများကို မိတ္ထီလာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့မှ ဝန်ထမ်းများပူးပေါင်း၍ စာရင်းများ မှားယွင်းမှုမရှိစေရေး ဇွန်လ ၂၀ ရက်နေ့မှ နေ့စဉ် ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၆ ရက်နေ့တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ အသက် ၁၈ နှစ်နှင့် အထက် (စတုတ္ထအကြိမ်မူကြမ်း) စာရင်းစစ်ဆေးခြင်းနှင့် ကွန်ပျူတာ ဖြင့် စာရင်းများ ထည့်သွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်မိုးခိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လှမျိုးနွယ်နှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)