ညောင်ဦး ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း နေထိုင်သူများ အတည်ပြုလူဦးရေစာရင်းမှန်ကန်စေရေး အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်းများရေးသွင်းခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ညောင်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းနေထိုင်သူများ အတည်ပြုလူဦးရေစာရင်း မှန်ကန်စေရေး အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်းများရေးသွင်းခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများပူးပေါင်း၍ ကွန်ပျူတာဖြင့် စာရင်းများမှားယွင်းမှုမရှိစေရေး တိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်မြင့်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မြို့နယ်ဦးစီးမှူး ဦးကျော်မြင့်အောင်က လူဦးရေစာရင်းရေးသွင်းခြင်း၊ တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်းများရေးသွင်းခြင်း မှားယွင်းမှုမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း