မူးယစ်အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ညောင်ရွှေ ဇွန် ၂၄

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့်ပြပွဲကို ယနေ့နံနက် (၉) နာရီခွဲက ညောင်ရွှေမြို့နယ် ရွှေရန်ပြေ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဦးခင်မောင်ကိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က မူးယစ်ဆေးဝါး အန္တရာယ်ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။ ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးခွဲခြားမောင်က အားကစားပစ္စည်းများပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။

ထို့နောက် လူငယ်ရေးရာအသိပညာပေးပြပွဲအဖြစ် မူးယစ်အန္တရာယ် ပြည့်ရန်စွယ် နံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ် စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်