မိုင်းနောင်မြို့ အ.ထ.ကကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း ပြိုင်ပွဲပြုလုပ်

မိုင်းနောင် ဇွန် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံး အထက်တန်းဆင့်ကို အနာဂတ် ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့၊ အလယ်တန်းဆင့်ကို မူးယစ်အန္တရာယ်ပြည့်ရန် စွယ်ကာကွယ်တိုက်ဖျက် လက်ချင်းဆက်၊ မူလတန်းဆင့်ကို ရှောင်လေဝေးဝေး မူးယစ်ဆေး ခေါင်းစဥ်များဖြင့် ပြိုင်ပွဲများပြုလုပ်ပေးကြောင်း သိရှိရသည်။

အဆိုပါစာစီစာကုံး၊ ပန်းချီဆေးရောင်ခြယ်နှင့် ကာတွန်းပြိုင်ပွဲသို့ သက်ဆိုင်ရာ တာဝန်ရှိ ဌာနဆိုင်ရာများက ကြည့်ရှုအားပေးကာ ဆုရရှိသူကျောင်းသား၊ ကျောင်းသူများအား ၂၀၂၄ ခု နှစ်ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မိုးသောက်(မိုင်းနောင်)