မိုင်းရယ်မြို့တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများပြုလုပ်

မိုင်းရယ် ဇွန် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီ၊ ကဗျာနှင့် စာစီ စာကုံးပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

အဆိုပါ ပြိုင်ပွဲသို့ မြို့နယ်အခြေခံပညာကျောင်းများမှ ပန်းချီပြိုင်ပွဲတွင် (၃၀) ဦး၊ ကဗျာပြိုင်ပွဲတွင် (၂၅) ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် (၃၃) ဦး ထက်၊ လယ်၊ မူ အဆင့် စုစုပေါင်း ကျောင်းသား/သူ (၈၈) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ကျောင်းသား/သူများ ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အတွင်းရေးမှူး ရဲမှူးမျိုးသန့်၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမော်နှင့် ဆရာ/မ များက အားပေးကြည့်ရှုခဲ့ကြသည်။

မိုင်းရယ် (ပြန်/ဆက်)