ရန်ကုန် ဇွန် ၂၄
၂၀၂၄ ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၉)နာရီတွင် သန်လျင်ခရိုင် သန်လျင်မြို့နယ် သနပ္ပင်ကျေးရွာအနီးရှိ ဒဂုံ- သီလဝါလမ်းမကြီးတစ်လျှောက်၌ ကျင်းပသည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးမည့်ပျိုးပင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်မြင့်မြင့်နှင့် တာဝန်ရှိသူများက ပျိုးပင်များအားပေးအပ်ပြီး သတ်မှတ်နေရာအသီးသီး၌ သစ်ပင်များ စိုက်ပျိုးပေးကြသည်။
ဆက်လက်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှဦးဆောင်၍သနပ္ပင်-အုတ်ဖိုစုလမ်း ဝဲ/ယာ လမ်းတစ်လျှောက်တွင် သစ်ပင်များစိုက်ပျိုးပေးကြသည်။
ယနေ့ကျင်းပသော သစ်ပင်စိုက်ပျိုးပွဲများတွင် သစ်တောဦးစီးဌာနမှ မဟော်ဂနီအပင်(၅၀၀)၊ မန်ဂျန်ရှားပျိုးပင်(၃၀၀) ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(ခရိုင်ပြန်ဆက်)