ကျောက်တန်းမြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီ လူထုသစ်ပင်စိုက်ပျိုးပွဲကို ကျောက်တန်းမြို့အဝင် ကြိုဆိုပါ၏ မုဒ်ဦး၌ကျင်းပ

ကျောက်တန်း ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီလူထုသစ်ပင်စိုက်ပျိုးပွဲကို ကျောက်တန်းမြို့အဝင် မုဒ်ဦး၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ ၂၀၂၄ ခုနှစ် မိုးရာသီလူထုသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိ ဦးမြင့်ဦး၊ လက်ထောက်အင်ဂျင်နီယာ ဦးခိုင်မြင့်နှင့် ၀န်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်ဝင်းနှင့် ၀န်ထမ်းများ၊ မြို့နယ်အထွေတွေအုပ်ချုပ်ရေးဦးစီးဌာန၊ ၀န်ထမ်းများနှင့် တက်ရောက်လာကြသောသူများမှ မဟော်ဂနီ စိန်ပန်း ငုဝါ ခရေ အပင် ၂၅၀ ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

နေလင်းကျော်(ပြန်ဆက်)