သံတောင်ကြီး ဇွန် ၂၄
ရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာဖေမြင့်၏ ခေါင်းဆောင်စိတ်ခေါင်းဆောင်အတွေးစာအုပ်အား ယနေ့နေ့နံနက် (၁၀) နာရီအချိန်က Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များရှင်းလင်းပြောကြားပြီးနော်မူးမူ(Book Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့်သူများထက် ဘာထွေ ထူးကဲနေသလဲ၊ အတွင်းမှ ဦးဆောင်ခြင်း၊ အလိုအလျောက် ထိုးဖောက်သိမြင်တတ်သောသူ၊ ဖြေရှင်း ရန်နည်းလမ်းရှာဖွေခြင်း၊ ဆုံးဖြတ်ခြင်းစသည့်အကြောင်းအရာများအား စာဖတ်ဝိုင်းဆွေးနွေး ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီးဦးကျော်ဇင်လတ်(Youth Club)အဖွဲ့ဝင်က ခေါင်းဆောင်တို့နေထိုင်ပုံ၊ ထိတွေ့မှုရှိခြင်း၊ လူရွေးချယ်ခြင်း၊ လုပ်ပိုင်ခွင့်အပ်နှင်းခြင်း၊ အနာဂတ်ကမ္ဘာ၌ ဦးဆောင်ခြင်းစသည့် အကြောင်းအရာများအား ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book Club / Youth Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ စာရေးဆရာဖေမြင့်၏ ခေါင်းဆောင်စိတ် ခေါင်းဆောင်အတွေးစာအုပ်ကို ဖတ်ရှုခြင်းဖြင့်အနာဂတ်တွင် ခေါင်းဆောင်လိုမျိုးပြုမှုနေထိုင်တတ်စေရန် အခက်အခဲများကို ဦးနှောက်ဖြင့် စဉ်းစားဖြေရှင်းတတ်လာစေရန် စသည့်အကျိုးကျေးဇူးများကိုရရှိစေကြောင်း သိရသည်။
နော်နော်မူ