မက်မန်းမြို့နယ်တွင် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မက်မန်း ဇွန် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် အဖွဲ့ဝင်များသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က မက်မန်းမြို့နယ် ဆွတ်ဝိုးအုပ်စု၊ ဆွတ်ဝိုးကျေးရွာတွင် သွားရောက်ကွင်းဆင်းခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက မက်မြို့နယ်အတွင်းရှိ ကျေးရွာများ၏ ရပ်ရွာအေးချမ်းသာယာအေးနှင့် တရာဥပဒစိုးမိုးရေး၊ မက်မန်းမြို့နယ်အတွင်းရှိ ကျေးရွာများ အရှိန်အဟုန်မြှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် အစဉ်အလာများကို အစဉ်ထိန်းသိမ်းစောင့်ရှောက်ရေး၊ စိုက်ပျိုးရေး နည်းပညာများဖွံ့ဖြိုးတိုးတက်ရေး စသည့်အချက်များကို ဦးစွာဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်း မိမိတို့ဌာနဆိုင်ရာ အဖွဲ့ဝင်များအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဒေသခံအနေဖြင့် နိုင်ငံသား တစ်ယောက်၏ ရပိုင်ခွင့်နှင့် တာဝန်များကို သိရှိထားရန် လိုအပ်ပါကြောင်း၊ မကြာခင် အချိန်အတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူတော့မည်ဖြစ်သည့်အတွက် ကျေးရွာများမှ ခရီလွန်နေသည့် ပြည်သူများအား ချိတ်ဆက်၍ ခေါ်ယူထားရမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပြည်သူများပူးပေါင်း၍ မှန်မှန်ကန်ကန်ဖြေဆိုခြင်းဖြင့် နိုင်ငံတော်၏ ပကတိ အခြေအနေမှန်များကို ရရှိကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများတွင်လည်း ရွှေ့ပြောင်းတောင်ယာစနစ်မှ ကုန်းမြင့်လယ်ယာစနစ်သို့ အမြန်ဆုံးပြောင်းလဲနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဟောပြောခဲ့သည်။

ဆက်လက်၍ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဌာနများအလိုက် ဒေသလိုက် လိုအပ်ချက်များကို  ဟောပြောဆွေးနွေးခဲ့ကြသည်။ အဆိုပါအဖွဲ့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့များ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်းနှင့် ဆွတ်ဝိုးအုပ်စုအတွင်းရှိ  ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)