မိုင်းပန် ဇွန် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ ထောက်ပံ့ပေးအပ်သည့် ယူနစ်ရိက္ခာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်စစ်မှုထမ်းဟောင်းရုံး၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်(၄၉)ဦးတို့အား တစ်ဦးစီလျှင် ယူနစ်ရိက္ခာအမယ်(၇)မျိုးဖြစ်သည့် ဆန်(၆)ပြည်၊ ကုလားပဲခြမ်း(၅၀)ကျပ်သား၊ ဆီ(၅၀)ကျပ်သား၊ ကြက်သွန်နီ(၅၀)ကျပ်သား၊ ကြက်ဥ(၁၀)လုံး၊ ခေါက်ဆွဲခြောက်(၅)ထုပ်နှင့် ငါးသတ္တာ(၅)ဘူးတိုအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နော်မှိုင်း(ပြန်/ဆက်)