မိုင်းစံ ဇွန် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများနှင့် စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြား သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက စာရေးဆရာသုတေသီဘုန်းမြင့်သွေးရေးသားထားသည့်"လူဖြစ်ကျိုးနပ်မည့်စိတ်ဓာတ် စိတ်မြတ်များ"စာအုပ်မှ "ကောင်းကင်တမွတ်ကြယ်ကိုဆွတ်"ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး Grade-7မှ မနှင်းဝေသက်က တေဇရုပ်စုံစာအုပ်မှ စာရေးဆရာ မောင်ဖျော်၏ "လူငယ်နှင့်စွဲလန်းမှုအလွဲ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-6မှ မသင်းရနံ့လှိုင်က တေဇရုပ်စုံစာအုပ်မှ "ဖြူစင်သောစိတ်ထား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-6မှ မနေခြည်နွေးနွးက တေဇရုပ်စုံစာအုပ်မှ ဇာတ်လမ်းမြသက်မောင်၏ "စည်းကမ်း၏ အောင်ပွဲ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade- 3 မှ မသွန်းဆက်ရွှေဇင်က တအောစာပေနှင့် ယဉ်ကျေးမှုကာ်မတီမှ ရေးသားပြုစုသည့် "ခိုတစ်သိုက်" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အသိပညာဗဟုသုတများကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်များကို စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)