မြင်းခြံ ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် (၁၁) နာရီ အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
"အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲလေးက ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီးတော့ မသုံးစွဲရန် ရှောင်ကြဉ်ဖို့၊ မိမိတို့သိရှိထားသည့် အကြောင်းအရာများကို ပန်းချီရေးဆွဲပြီး အခြားသူများပါ သိရှိနိုင်စေရန် ရည်ရွယ်ပြီး ယခုလို ပန်းချီပြိုင်ပွဲလေး ပြုလုပ်ပေးရခြင်းဖြစ်ပါတယ်" ဟု ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ပြောသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲသို့ မြင်းခြံမြို့ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူ (၃၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုပေးပွဲအား ဇွန်လ (၂၆) ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ကျော်စွာ(မြင်းခြံ)