ပင်လုံမြို့ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လုကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

လွိုင်လင်  ဇွန် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ အမှတ်(၃) လူကုန်ကူမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်ကကြီးမှူး၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပင်လုံမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ခန်းမတွင် ကျင်းပပါသည်။

ရှေးဦးစွာ အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် ဒုတိယရဲမှူး တင်မောင်မြင့်က လူကုန်ကူးမှုဆိုင်ရာပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပြီး လက်ကမ်းစာ‌စောင်များ ဖြန့်ဝေပေးသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက လူငယ်နှင့်အင်တာနက်သုံးစွဲမှုအကြောင်းကို အသိပညာပေး ဟောပြောပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၁၀၀) ဦး တက်ရောက်ကြသည်။

ခရိုင်(ပြန်/ဆက်)