ပင်လုံ ဇွန် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ သစ်တော၊ သစ်ပင်များ၏တန်ဖိုးကို အလေးထား သိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများ ရရှိစေရန် ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို နယ်စပ်ရေးရာဝန်ကြီးဌာနပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပင်လုံ)ဝန်းအတွင်း ၂ဧက (စိုက်ဧက)တွင် ယနေ့နံနက် ၇ နာရီအချိန်တွင် ကျောင်းအုပ် ဆရာကြီး ဦးဟာလိန်းမောင်းက ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးမည့် ခါတော်မှီ(၁၅)ပင်၊ ချယ်ရီပင်(၂၀)ပင်၊ ထောပတ်(၂၀)ပင်၊ မျောက်ငိုပင်(၁၅)ပင်၊ မယ်ဇလီ(၃၀)ပင်၊တို့ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်အောင်နှင့် ဝန်ထမ်းများ၊ ပင်လုံနယ်မြေခံရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသား/ကျောင်းသူများက စနစ်တကျ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)