မြင်းခြံမြို့ အမှတ် (၁၈) ရပ်ကွက်၌ လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ ကြက်သွန်ဂိုဒေါင် မီးလောင်

မြင်းခြံ ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၁၈) ရပ်ကွက် နယ်မြေ (၆) ၌ ယနေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ ကြက်သွန် ဂိုဒေါင်  မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုအကြောင်းအရင်းမှာ လုံခြုံရေးလျှပ်စစ်မီးသီးအား သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ အနီးရှိ ဝါးထရံအား မီးစတင် ကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ မီးသတ်ရေသယ်ယာဉ် (၃) စီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့် ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ နယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ အဖြူရောင်လက်များ ပရဟိတ ရေသယ်ယာဉ် (၁) စီး သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများ ပူးပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ကြမ်းခင်း (၂) အဆောက်အဦ၏ အပေါ်ထပ် (၁) ထပ် နှင့် ကြက်သွန်နီ ပိဿာချိန် (၃၀၀) ခန့် ဆုံးရှုံးမှု ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

ကျော်စွာ(မြင်းခြံ)