မိုင်းပန်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနား ကျင်းပ

မိုင်းပန် ဇွန် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို မိုင်းပန် - တာဆန်းသွားကားလမ်းမဘေး၊ (၃) မိုင်ကျေးရွာအနီး၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် လင်းခေးခရိုင် သစ်တောဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သိန်းနိုင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးသန်းအောင်တို့အား ပျိုးပင်များပေးအပ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် (၃)မိုင်ကျေးရွာနေ မိဘပြည်သူများတို့က ပျိုးပင်များ စုပေါင်းစိုက်ပျိုးခဲ့ပြပြီး ၂၀၂၄ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်းသစ်ပျိုးပင်ပေါင်း (၁၁၆၆)ပင်စိုက်ပျိူးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှူး ဦကျော်မိုးဆွေ ထံမှသိရသည်။

နော်မှိုင်း(ပြန်/ဆက်)