ရန်ကုန်-တောင်ငူ-မန္တလေးလမ်း(နေပြည်တော်)၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ပျဉ်းမနား ဇွန် ၂၂

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ နေပြည်တော်၏ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ် ရန်ကုန်-တောင်ငူ-မန္တလေးလမ်း မိုင်(၂၂၀/၁-၂၂၁/၁)အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတော်သို့ နေပြည်တော်၊ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဒေါ်နွယ်နီထွန်းနှင့် တာဝန်ရှိသူများ၊ လမ်းအထူးအဖွဲ့(၁၃)၊ ဥတ္တရခရိုင်၊ ဇေယျာသီရိခရိုင်၊ လယ်ဝေးခရိုင်၊ ပျဉ်းမနားခရိုင်နှင့် မြို့နယ်အသီးသီးမှ လမ်းဦးစီးဌာနဝန်ထမ်းများ တက်ရောက်ကြပြီး ကုက္ကို၊ စိန်ပန်း၊ ထိုင်ဝမ်ဗာဒံပင် အပင်ပေါင်း (၃၀၀)ကျော် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)