မိုင်းတုံ ဇွန် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ မရှိ ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးဦးဆောင်၍ မြို့နယ်ရဲမှူးမြင့်အောင်၊ မြို့နယ်စည်ပင်သာယာရေးမှဦးစီးအရာရှိ ဦးဌေးဒမ်း၊ မြို့နယ်မီးသတ်၊ မြို့နယ်သစ်တောနှင့်ပြန်/ဆက်တို့ပူးပေါင်း၍ မိုင်းတုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ မရှိနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် မီးချိတ်မီးကပ်၊ သဲအိတ်၊ ရေအိတ်တို့ကိုစနစ်တကျထားရှိရေး၊ မီးသတ်ဆေးဗူးများဆိုင်တိုင်းတွင် ချိတ်ဆွဲထားရှိရေး မီးဘေးဖြင့်ကြုံတွေ့လာပါက ပြုလုပ်ရမည့်နည်လမ်းများကို မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)