တံတား ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က တံတားမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများကို ဖက်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ရန်လိုကြောင်း၊ စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း စာပေသည်မိမိတို့၏ မိတ်ဆွေကောင်းများဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားလာစေရန် ယခုလိုဟောပြောပွဲများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားကာ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးဆိုင်ရာ အသိပညာများရရှိစေရန်နှင့် မူယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများကို သိရှိစေရန်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများ၊ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မိုးဖြူလွင် (ပြန်/ဆက်)