ကျိုင်းတောင်း ဇွန် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ မြန်မာ့စီးမွားရေးဘဏ်၌ အငြိမ်းစားပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းက ၈ နာရီအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိရာ အငြိမ်းစားပင်စင်ဝန်ထမ်းများမှ အေးချမ်းစွာလာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
ကျိုင်းတောင်းမြို့ မြန်မာ့စီးမွားရေးဘဏ်၌ အငြိမ်းစားပင်စင်လစာစားဝန်ထမ်း(၇၀) ကျော်ခန့်ရှိပြီး အငြိမ်းစားပင်စင်ဝန်ထမ်းများ အဆင်ပြေစွာ လစာငွေများ လာရောက်ထုတ်ယူနိုင်ရန်အတွက် ပင်စင်လစာငွေများထုတ်ပေးရာတွင် လစဉ်လတိုင်း နိုင်ငံ့ဝန်ထမ်းများ၏လစာ ထုတ်ရက်မတိုင်မီ ( ၂၁ )ရက်နေ့မှ စတင်၍ ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဘဏ်မန်နေဂျာ ဒေါ်နန်းခမ်းရီထံမှ သိရသည်။
ကိုကို (ပြန်/ဆက်)