အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

လွိုင်လင် ဇွန် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ဖွင့်လှစ်ထားသည့် အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယနေ့နံနက်က အဆိုပါကျောင်းတွင် ကျင်းပရာ လွိုင်လင်တပ်နယ်မှူး တက်ရောက်ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ) ကျောင်းအုပ်ကြီး ပါမောက္ခ ဦးဇင်မင်ထွန်းက ကျောင်း၏သင်ကြားစီမံကိစ္စများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား/သူများမှ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

လွိုင်လင်မိုး(ပြန်/ဆက်)