မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Pfizer) ကာကွယ်ဆေးထိုးနှံ

မန္တလေး ဇွန် ၂၁

မန္တလေးမြို့တော်စည်ပင်ယာရေးကော်မတီ ဌာနအသီးသီးရှိ အရာထမ်း၊ အမှုထမ်း (၅၈၁၂) ဦးတို့အား Pfizer ကိုဗစ်ကာကွယ်ဆေး ထိုးနှံ‌ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ မြို့တော်ခန်းမတွင် ပြုလုပ်သည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အတွင်းရေးမှူး ဦးဝင်းမောင်၊ ကော်မတီ(၁) ဦးမြင့်ဦး၊ ကော်မတီဝင်(၂) ဦး‌နေမင်းထွန်းနှင့် ဌာနမှုးများက ကာကွယ်ဆေးထိုးနှံပေးခြင်းကို လိုက်လံကြည့်ရှုအားပေးပြီး ကာကွယ်ဆေးထိုးပေးခြင်းကို ဇွန်လ ၂၀ ရက်နှင့် ဇွန်၂၁ ရက်မှာတို့တွင် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဌာနအလိုက် ဝန်ထမ်းများအား ထိုးနှံပေးသွားဖြစ်‌ကြောင်း သိရသည်။

ယင်းကာကွယ်ဆေးထိုးခြင်းများကို မန္တလေးတိုင်းဒေသ ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ ညွှန်ကြားရေးမှူး ဒေါက်တာ သင်းသင်းနွယ်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ချောချောနိုင် နှင့် တာဝန်ရှိသူများက ဦးစီး၍ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြိုနယ်၊ ချမ်းမြသာစည်မြို့နယ်တို့မှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အစီအစဉ်အတိုင်း ကိုဗစ် ကာကွယ်ဆေများ ထိုးပေးခဲ့သည်။

မန္တလေးမြို့တော်စည်ပင်သာရေးကော်မတီ၊ ဌာနအသီးသီးမှ ဝန်ထမ်းများအနေဖြင့် ယခုအကြိမ် အပါအဝင် အနည်းဆုံး လေးကြိမ်မှ ခြောက်ကြိမ်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)