ချင်းပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့် ကော်မတီအစည်းအဝေး (၂/၂၀၂၄) သို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

ဟားခါး ဇွန် ၂၀

ချင်းပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့် ကော်မတီအစည်းအဝေး (၂/၂၀၂၄)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်းဆွန်းထန်က နေရပ်စွန့်ခွာခြင်းကို လူသားများ၏ ပယောဂနှင့် သဘာဝဘေးကြောင့် ဖြစ်ပေါ်နေရ ခြင်းဖြစ်ကြောင်း၊ နေရာစွန့်ခွာသူမရှိအောင် ကြိုတင်ကာကွယ်ရေးနှင့် နေရပ်စွန့်ခွာသူများအနေဖြင့် မိမိတို့၏ မူလနေရာဒေသ သို့မဟုတ် မိမိတို့ နေထိုင်လိုသည့်နေရာတွင် အမြန်ဆုံး ပြန်လည်နလန်ထူ နေထိုင်နိုင်ရေးသည် ချင်းပြည်နယ်အစိုးရအဖွဲ့၏ အဓိကလုပ်ငန်းတာဝန်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအပြင် သက်ဆိုင်သည့် လူပုဂ္ဂိုလ်များပါဝင်ဆောင်ရွက်ရန်လို သကဲ့သို့ မူဝါဒနှင့်အညီ ဆောင်ရွက်ရန်နှင့် စိတ်ဓာတ်ရေးရာအပါအဝင် နေရပ်စွန့်ခွာသူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အကျိုးရှိမည့် လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ် ကြောင်းနှင့် နေရပ်စွန့်ခွာပြည်သူများကို မည်ကဲ့သို့ ထောက်ပံ့ရမည်ဆိုသည့်အချက်ကို ဦးတည်ပြီး အစည်းအဝေးတက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြော ကြားသည်။

ယင်းနောက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့် လုပ်ငန်းကော်မတီများမှ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက ကော်မတီလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် တင်ပြလိုသည့် အချက်များကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုနှင့် အစည်းအဝေး တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အကြံပြုဖြည့်စွတ်ဆွေးနွေးကြပြီး ပြည်တွင်းနေရပ် စွန့်ခွာသူများပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)