ဒလ ဇွန် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မိုးစပါးစံပြစိုက်ခင်းတွင် ယနေ့နံနက်(၉)နာရီ မိနစ်(၄၀)အချိန်က ရွှေလှေချောင်ကျေးရွာရှိ ကွင်းအမှတ်(၂၀၉-ခ)၊ ဦးပိုင်အမှတ်(၅/၁)ရှိ တောင်သူဦးကျော်သိန်း၏ လယ်မြေ(၁၀)ဧက၌ မှော်ဘီ(၃)မျိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မိုးစပါးစံပြစိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစည်သူကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်နိုင်မိုးနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြပြီး မိုးစပါးစံပြစိုက်ခင်းတွင် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်နိုင်မိုးမှ တောင်သူများအား မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စပါးစိုက်ပျိုးရာတွင် လုပ်အားကုန်ကျမှုစရိတ်များသက်သာခြင်း စပါးကောက်ကွက်ပြည့်မီခြင်း အတန်းလိုက်ညီညာစွာ စိုက်ပျိုးသည့်အတွက် တမန်းနိုးရလွယ်ကူကာ ပင်ပွားကောင်းမွန်ခြင်းနှင့် စပါးအထွက်နှုန်းများကောင်းမွန်ခြင်း မျိုးစေ့နှုန်းထားကုန်ကျမှုစရိတ်သက်သာစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစည်သူကျော်နှင့်အဖွဲ့ဝင်များမှ စပါးသက်ရက်အလိုက် ဓာတ်မြေဩဇာကျွေးခြင်းနှင့် ပေါင်းမြက်နှိမ်နင်းခြင်းဗွီနိုင်းအား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများသို့ ပေးအပ်ခဲ့သည်။
အေးမြမိုး(ပြန်/ဆက်)