ပင်လုံ ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ဆုံဆို့-မေးခိုင်ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို နေ့လယ်(၁:၀၀)နာရီအချိန်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပင်လုံမြို့မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများကဆောင်ရွက်ပေး၍ အ.လ.ကခွဲ(၂)ကျောင်းရှိ အသက်(၅)နှစ်မှ (၇)နှစ်ကြား ကျောင်းသား၊ ကျောင်းသူ(၄၀)ဦးအား ထိုးနှံပေးပြီး ဆရာ၊ ဆရာမများနှင့်ကလေးမိဘများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)