မောက်မယ် ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်နှင့် ဝမ်ဟတ်/လင်းခေးလမ်းဆက်သွယ်ထားသည့် နမ့်ယွန်းချောင်းကူးတံတားအား ယမန်နေ့ နေ့လယ်ပိုင်းမှစ၍ နမ့်ယွန်းချောင်းဘေလီ သစ်သားတံတားမှ သံကူကွန်ကရစ်တံတားအဆင့်မြင့် စတင်တည်ဆောက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တံတားအထူးအဖွဲ့(၁၂)အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ပြီး အဆိုပါသံကူကွန်ကရစ်တံတားအား အရှည် ၁၄၀ ပေ၊ အကျယ် ၂၈ ပေရှိတံတားအား ၂၀၂၄−၂၀၂၅ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း တံတားအထူးအဖွဲ့(၁၂) ထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)