ပုသိမ်ကြီးမြို့ (Community Centre) ခန်းမ၌ ပြပွဲ၊ ပြိုင်ပွဲများဆောင်ရွက်

ပုသိမ်ကြီး ဇွန် ၁၃

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre) ပံသုကျီခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ပြပွဲပြိုင်ပွဲများ ကျင်းပလျက်ရှိသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးဇင်မင်းထွန်းက တက်ရောက်လာသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ပြပွဲပြိုင်ပွဲများ ကျင်းပရခြင်းအကြောင်းများနှင့် စာပေလေ့လာ ဖတ်ရှုလိုစိတ်များရှိစေရန် ယခုလိုပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း အစရှိသည်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ပြပွဲပြိုင်ပွဲများကို ဇွန်လ ၁၃ ရက်နေ့က စတင်ကာ ၂ ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ စာစီစာကုံး၊ ကဗျာရွတ်၊ ပုံပြော၊ ဆေးရောင်ခြယ်ပြိုင်ပွဲများနှင့် အတူ နံရံကပ်စာစောင်၊ စာအုပ် ပြပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါမြို့နယ်ဦးစီးမှူးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)