ကျောက်ဆည်မြို့နယ် မြောင်းဦးကျေးရွာတွင် စိုက်ပျိုးထားသော ဆင်းရတနာ-၄ နွေနှမ်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဇွန် ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ နွေနှမ်းများ စိုက်ပျိုးရာတွင် ကြဲပတ်စနစ်၊ တန်းဆွဲစနစ်၊ ဘောင်ကြီးတင်စနစ်များနှင့် နေရာဒေသအလိုက် စိုက်ပျိုးထားရှိရာ မြောင်းဦးကျေးရွာ တောင်သူ ဦးခင်မောင်အေး၏ ကျဲပတ်စနစ်ဖြင့် စိုက်ပျိုးထားသော ဆင်းရတနာ-၄ နွေးနှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြောင်းဦးကျေးရွာသည် တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် ပါဝင်သည့် ကျေးရွာအုပ်စု (၁) အုပ်စုဖြစ်ကြောင်းနှင့် နွေးနှမ်းသီးနှံများကို ဇော်ဂျီဆည်မှ စိုက်ပျိုးရေများပေးဝေနေသည့် တမုတ် မြောင်းရေကို အဓိက ရယူသုံးစွဲပြီး ကျဲပတ်စနစ်ဖြင့် အများဆုံးစိုက်ပျိုးကြောင်း စိုက်ပျိုးရာ၌ ဒေသနှင့် ကိုက်ညီသည့် အထွက်နှုန်း ကောင်းမွန်သော ဆင်းရတနာ-၄ နှမ်းမျိုးများ အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးထားသော နွေနှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ် စိုက်ပျိုးရေးဦးစီးဌနမှ တာဝန်ရှိသူများမှ တောင်သူများနှင့် ပူးပေါင်းပြီး စိုက်ပျိုးရန်အတွက် မြေပြုပြင်ချိန်မှစ၍ ဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်း ကောင်းမွန်သည့် မျိုးစေ့များ ရွေးချယ်စိုက်ပျိုးခြင်း၊ အပင်သား ခွဲခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းနှင့် လိုအပ်သည့် အချိန်များတွင် သွင်းအားစု ထည့်သွင်းခြင်းများ ကွင်းဆင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)