လဲချားမြို့၌ ၁၃၈၆ ခုနှစ် ကဆုန်လပြည့် ကဆုန်ညောင်ရေသွန်းလောင်းပွဲပြုလုပ်

လဲချား မေ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့၌ ၁၃၈၆ ခုနှစ် ကဆုန်လပြည့် ကဆုန်ညောင်ရေ သွန်းလောင်းပွဲကို ယမန်နေ့ မွန်းလွဲ ၄ နာရီက သီရိမင်္ဂလာအုဋ်ကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။

ဦးစွာအခမ်းအနားကို နမောတဿ (သုံးကြိမ်) ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး သီရိမင်္ဂလာအုဋ်ကျောင်းထိုင်ဆရာ တော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေနှင့်အဖွဲ့ဝင်များ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့နှင့် ဝတ်အသင်းတို့က ကျောင်းဝန်းရှိ ဗုဒ္ဓညောင်ပင်အား အမွှေးနံ့သာရေများဖြင့် သွန်းလောင်းပူဇော်ခဲ့ကြကြောင်း သိရသည်။

လဲချား (မြို့နယ် ပြန်/ဆက်)