ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်နေသော အခြေခံဝန်ထမ်းများ၏ သားသမီးများအား ကစားစရာအရုပ်များ ပေးအပ်လှူဒါန်း

ကွန်ဟိန်း နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉  တိုက်ဖျက်ရေးတွင်ပါဝင်ဆောင်ရွက်နေသော အခြေခံ ဝန်ထမ်းများ၏ သားသမီးများအား ကစားစရာအရုပ်များပေးအပ်လှူဒါန်းခြင်းအား ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်က မြို့နယ် OSS ရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးလုပ်စဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကြက်ခြေနီအသင်းဝင်များ၊ စေတနာ့ဝန်ထမ်းများမှ ၎င်းတို့၏သားသမီးများ စုစုပေါင်း( ၅၆)ဦးအား ပေးအပ်ခဲ့သည်။

အဆိုပါ လှူဒါန်းခြင်းသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် UNICEF တို့ ပူးပေါင်း၍ လှူဒါန်းခြင်းဖြစ်ရာ အသက်(၃)နှစ် အထက်(၅)နှစ်အောက် ကလေးငယ်များအား ပေးအပ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)