မြောင်းမြ မေ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျေးရွာစာကြည့်တိုက်များပြန်လည်ရှင်သန်စေရေး ရပ်ကျေးအုပ်ချုပ်ရေးမှူးများဖြင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၂:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူး ပေါင်းကော်မတီ၏ လုပ်ငန်းစဉ် (၄) ရပ်ဖြစ်သည့် ရပ်နားနေသည့်စာကြည့်တိုက်များအား ပြန် လည်ဖွင့်လှစ်ရန်စီမံခြင်း၊ စာကြည့်တိုက်များ အသစ်တည်ထောင်ဖွင့်လှစ်ခြင်း၊ ပြည်သူများ အား စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် စာကြည့်တိုက်များသို့ စာ အုပ်စာစောင်များ ဖြန့်ဝေပေးမည့် အခြေအနေများအား ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကျေးရွာအုပ်ချုပ်ရေးမှူးများကလုပ်ငန်းနှင့် ပတ်သက်၍ သိလိုသည်များကို ပြန်လည်ဆွေနွေးခဲ့ကြောင်းသိရသည်။
မြောင်းမြမြို့နယ်အတွင်း ခိုင်မာစာကြည့်တိုက်ပေါင်း (၉) တိုက်ရှိပြီး၊ ပြန်လည်ရှင်သန် စေရေးအတွက် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)