၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် ဒေသခံပြည်သူ မဲဆန္ဒရှင်များ စနစ်ကျစွာ ဆန္ဒမဲပေး

ဖလမ်း           နိုဝင်ဘာ        ၈

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၆ နာရီမှ စတင်ကျင်းပကာ ဖလမ်းမြို့ပေါ် ရပ်ကွက်(၈)ခုတွင် မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

“ဒီနေ့ ၇ နာရီလောက် ရောက်လာတယ်ပေါ့နော် နာရီဝက်နီးပါးတော့ စောင့်လိုက်ရတယ်။ ခါတိုင်းနှစ်တွေထက်တော့ နည်းနည်းကြန့်ကြာမှုရှိတာပေါ့နော်။ ကိုဗစ်-၁၉ ကာကွယ်တဲ့အနေနဲ့ စည်းကမ်းရှိစွာနဲ့ တစ်ဦးနှင့် တစ်ဦး(၆)ပေအကွာပေါ့နော် အကုန်လုံးစည်းကမ်းတစ်ကျနဲ့ မဲပေးရတာဖြစ်တဲ့အတွက် ခါတိုင်းနှစ်ထက်တော့ နည်းနည်းတော့ ကြန့်ကြာတယ် ဒါပေမယ့် အရမ်းအဆင်ပြေပါတယ်။ ကိုယ်တွေလည်း ရောဂါကာကွယ်ပြီးသားဖြစ်တယ်။ မဲပေးခွင့် လည်းရတယ်ဆိုတော့ အရမ်းပျော်ပါတယ်” ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက် မဲရုံအမှတ်(၂)တွင် မဲလာပေးသူ မိုင် နိရှန်းပါရ်က ပြောသည်။

ဖလမ်းမြို့ပေါ်(၈)ရပ်ကွက်အတွင်း မဲရုံ(၂၃)ရုံတွင် မဲပေးပိုင်ခွင့်ရှိသူ (၈၁၃၆)ဦးရှိပြီး မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာ မဲပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)